တရားဘာဝနာအပေါ်
လွဲမှားသောနားလည်မှုများ
[Misconception
by Ven. Henepola Cunaratana]
ကောင်းထက်ညွန့်
လွဲမှားသောအယူအဆ(၁)
Misconception
(1)
Meditation
is just relaxation technique
တရားဘာဝနာကို
အပန်းပြေရုံ၊ အနားယူခြင်းမျှသာ အားထုတ်ခြင်း။
တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်း
အဖြစ်မျှသာ အားထုတ်ခြင်းမျိုး မလုပ်သင့်ပါ။ စိတ်ရော ကိုယ်ပါ အနားရပြီး
အပန်းပြေခြင်းသည် တရား အားထုတ်ခြင်း၏
အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဝိပဿနာဘာဝနာ (Vipassana-style meditation) သည်
ထိုမျှမက လေးနက်သောပန်းတိုင်ကို ရည်ညွှန်းသော်ငြားလည်း အားထုတ်သူယောဂီ အများစုက
အပန်းဖြေ အနားယူခြင်းနည်းလမ်းတစ်ခုမျှသာ ယူဆလေ့ကျင့်ကြသည်။
တရားအားထုတ်နည်း အမျိုးမျိုးတို့သည်
စိတ်၏ အာရုံစူးစိုက်ခြင်း (သမာဓိ)ကို အလေးအနက်ထားကြသည်။ စိတ်ကို
အာရုံတစ်ခုခုပေါ်၌သော်လည်းကောင်း၊ အရှုခံ(စိတ်၊ ဝေဒနာ၊ ဝင်သက်ထွက်သက်၊ ကသိုဏ်း
ပရိကံ)တစ်ခုခုပေါ်၌သော်လည်းကောင်း ငြိမ်သက်စွာ တင်ထားခြင်းဖြစ်သည်။ အလေးအနက်
အပြင်းအထန် လေ့ကျင့်နိုင်လျှင် ဈာန်ဟုခေါ်သော ပီတိသုခချမ်းသာ တို့ဖြင့် ပြည့်ဝသည့်
အဆင့်မြင့်သမာဓိကိုရရှိနိုင်သည်။ ဈာန်သည် အာရုံတစ်ခုတည်း၌
အချိန်ကြာမြင့်စွာ တည်ငြိမ်နေသော (ဧကဂ္ဂတာ)စိတ်မျိုးဖြစ်သည်။ သာမန် စိတ်တို့ထက်
သာလွန်သော ပီတိချမ်းသာသုခဖြင့် ပြည့်ဝ နေသောခံစားမှုတစ်မျိုးဖြစ်သည်။ အားလုံးသော
ကမ္မဋ္ဌာန်းနည်း (၄၀)သည် ထိုအဆင့်တွင် လမ်းဆုံးကြသည်။ထိုအဆင့်သည် ပန်းတိုင်ဖြစ်ပြီး
သင်လည်း ထို အဆင့်သို့ရောက်ရှိပါက ဘဝတစ်ခုလုံး၏ ကျန်အချိန် အားလုံးကို ထပ်ခါ ထပ်ခါ
လေ့ကျင့်နေခြင်းဖြင့် ကုန်ကောင်းကုန်လွန်စေလိမ့်မည်။
ဈာန်သည် ဝိပဿနာဘာဝနာ မဟုတ်ပါ။ဝိပဿနာ
ဘာဝနာ၌ သတိတရားမြဲမှုလိုအပ်၏။ သတိတရား ဖြစ်ရန် သက်သောင့်သက်သာ
အာရုံစူးစိုက်နိုင်စွမ်းရှိ ရမည်။ ပီတိ၊ သုခနှင့်အပန်းပြေမှုသည် တရားအားထုတ်
ခြင်း၏ဘေးထွက်ပစ္စည်း(by products)၊ ပန်းတိုင်၏ ရှေ့ပြေး(precursors)နှင့် မိမိ
တရားအားထုတ်နည်း မှန်မမှန်စစ်ဆေးနိုင်သည့် စံအရာမျှသာ ဖြစ်သင့်သည်။ သို့သော် ပီတိ၊
သုခနှင့် အပန်းပြေမှုတို့ကို ပန်းတိုင် အဖြစ် မသတ်မှတ်သင့်ပါ။
ဝိပဿနာဘာဝနာသည် အလွန်လေးနက်သိမ်မွေ့သော
ဗုဒ္ဓဘာသာ၏ကျင့်စဉ်ဖြစ်ပြီး ကိလေသာတရား များမှ လွတ်မြောက်ရန်၊ စင်ကြယ်ရန်နှင့်
စိတ်အဆင့်
ဆင့်
တိုးတက်ပြောင်းလဲရန်တို့ ဖြစ်သည်။
Misconception
(2)
လွဲမှားသောအယူအဆ
(၂)
Meditation
means going into a trace
အသိတရားကင်းလွတ်၊
မေ့မျောနစ်မောနေရန် လွဲမှားစွာ တရားအားထုတ်ခြင်း ။
အသိတရားမှ ကင်းလွတ်မေ့မျောသွားအောင် ပြုလုပ်နိုင်သောနည်းလမ်းများ ရှိကောင်း
ရှိနိုင်ပါသည်။
ဝိပဿနာဘာဝနာသည် အသိတရားကင်းလွတ်၊
မေ့မျော နစ်မောသွားအောင် လေ့ကျင့်ခြင်း မဟုတ်ပါ။ဝိပဿနာဘာဝနာသည် မိမိကိုယ်ကို
အိပ်မွေ့ချခြင်း၊ စိတ်ညှို့ခြင်း(hypnosis)လည်း မဟုတ်ပါ။ မိမိစိတ်ကို အသိတရား (Black
out) အားထုတ်ခြင်းလည်းမဟုတ်ပါ။ သင့်ကိုယ်သင် ခံစားမှု ကင်းသည့်
ဟင်းသီးဟင်းရွက်အဖြစ်ရောက်အောင် ကြိုးစားနေတာမျိုးမဖြစ်သင့်ပါ။ ထိုသို့မဖြစ်အောင်
ကြိုးစားခြင်းကသာ နည်းမှန်ဖြစ်သည်။ တရားဘာဝနာ ပွားများခြင်းဖြင့် သင့်ခံစားမှု၏
အပြောင်းအလဲများကို တစ်စထက်တစ်စ ပိုပြီး နားလည်လက်ခံနိုင်လိမ့်မည် ဖြစ်သည်။ သင့်ကိုယ်သင် ပို၍ တိကျရှင်းလင်းပြတ်သားစွာ
လက်ခံနိုင်ရန် သင်ယူအားထုတ်သင့်သည်။
တရားဘာဝနာအားထုတ်ရန် ကြိုးစားသင်ယူခြင်း
ဖြင့် ကမ္မဋ္ဌာန်းအာရုံ၌ နစ်မျောနေသောစိတ်အဆင့်များ ဖြစ်ပေါ်လာမည်။
အသိတရားကင်းလွတ်ခြင်းမျိုးမဟုတ်ပါ။ အသိကင်းနေသည့်အခိုက် (in hypnotic trace)
တစ်စုံတစ်ယောက်က ယောဂီ၏စိတ်ကို လာရောက် ထိန်းချုပ်နေခြင်းဖြစ်ပြီး
အဆင့်မြင့်သမာဓိရရှိ(ဈာန်ဝင်စား)နေသည့် ယောဂီသည် မိမိ၏ကိုယ်ပိုင်သတိတရား အောက်တွင်
ရှုမှတ်နေခြင်း ဖြစ်သည်။ အသိကင်းနေ ခြင်းသည် စိတ်၏အပေါ်ယံဖြစ်စဉ်မျှသာဖြစ်ပြီးဝိပဿနာ
ဘာဝနာမဟုတ်ပါ။ အဆင့်မြင့်သမာဓိ(ဈာန်)သည် သတိတရားမြဲရန်အတွက် အထူးလိုအပ်သော အဆင့်
တစ်ခုဖြစ်သည်။
ဝိပဿနာဘာဝနာ၏ အဓိပ္ပာယ်
ဖွင့်ဆိုချက်မှာ သတိတရားမြဲရန်
လေ့ကျင့်ပျိုးထောင်ခြင်း (the cultivation of mindfulness or awareness) ဖြစ်သည်။သင်
တရားအားထုတ်နေစဉ် ဘာကိုမျှ မသိမကြားဘဲ အသိကင်းမဲ့နေခဲ့လျှင် သင်သည်
ဝိပဿနာဘာဝနာကို ပွားများနေခြင်း
မဟုတ်ပါ။
Misconception
(3)
လွဲမှားသောအယူအဆ(၃)
Meditation
is a mysterious practice which cannot be understood
တရားအားထုတ်ခြင်းကို
နားမလည်နိုင်သည့် ဂန္ဓာရီ ဆန်ဆန်ကျင့်စဉ်အဖြစ် လွဲမှားစွာလက်ခံခြင်း ။
တရားအားထုတ်ခြင်းသည်
အဆင့်အမျိုးမျိုးသော သိစိတ်များ(levels of consciousness)နှင့်သက်ဆိုင်ပြီး
သရုပ်ဖော်ပြောဆိုနိုင်ရန်အတွက် အလွန်ခက်ခဲနက်နဲသည်။ အချို့သောအချက်အလက်များကို
စကားလုံး များဖြင့် ဖော်ပြပြောဆိုရန် ခက်ခဲသည်ဆိုသော်လည်း လုံးဝ နားမလည်နိုင်သော
ကိစ္စမျိုးတော့ မဟုတ်ပါ။ စကားလုံးများဖြင့် ဖော်ပြမှုကို ကျော်လွန်၍ နားလည်နိုင်စွမ်းဖြစ်သည်။
သင်မည်ကဲ့သို့လမ်းလျှောက်ရမည်ကို နားလည်သော်လည်း သင်၏နာဗ်ကြောများနှင့် ကြွက်သားများက
မည်ကဲ့သို့လှုပ်ရှားလုပ်ဆောင်ပေးကြသည်ကို အစီအစဉ်တကျ အတိအကျ ဖော်ပြရန်အတွက် မဖြစ်နိုင်ပါ။
သို့သော် သင်လမ်းကောင်းကောင်းလျှောက်နိုင်သည်။ ထို့အတူ ကိုယ်တိုင် လက်တွေ့
တရားဘာဝနာ ပွားများ ခြင်းဖြင့် နားလည်နိုင်ပါသည်။ စိတ္တဇဆန်သည့် ဝေါဟာရများဖြင့်
လေ့လာသင်ယူရန် မဖြစ်နိုင်သည့် အရာမျိုး မဟုတ်ပါ။ လက်တွေ့ လေ့ကျင့်
ခံစားနိုင်ပါသည်။
တရားဘာဝနာပွားများရုံဖြင့် ကြိုတင်တွက်ဆ
ခန့်မှန်းထားသောရလဒ်များ အလိုအလျောက်ရရှိလိမ့်မည်ဟု လှေနံဓားထစ် မမှတ်သားသင့်ပါ။
ဘာဝနာလုပ်ငန်းသည် လုပ်တိုင်းဖြစ်သည့် ပုံသေနည်း(formula) လည်း မဟုတ်ပါ။
ဘယ်တရားထိုင်ချိန်(session)မှာ ဘာတွေဖြစ်လာလိမ့်မည်ဆိုသော ကြိုတင်ခန့်မှန်းချက်များ
မည်သည့်အခါမျှ မမှန်နိုင်ပါ။ တရားထိုင်ချိန်တိုင်း၌ စုံစမ်းမှုများ(investigation)၊
လက်တွေ့စမ်းသပ်မှုများ (experiment)နှင့်စွန့်စားခန်းများ(adventure)ဖြစ်နေလိမ့်မည်။
ယခင်တရားအချိန်များမှရရှိခဲ့သည့်ခံစားချက်များ သင် ခန့်မှန်းထားသည့်အတိုင်း
ရရှိခဲ့ပါက သင့် တရားအလုပ်တွင် တိုးတက်မှုရှိကြောင်း ဖော်ပြချက် (indicator)
ဖြစ်သည်။ ထိုဖော်ပြချက်အရ သင်သည် ဘာဝနာပန်းတိုင်သို့ သွားရာ
လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
Misconception
(4)
လွဲမှားသောအယူအဆ(၄)
The
purpose to meditation is to become a psychic superman
ေ ဈပခ့ငခ
ျကစနမာညေ
အဘိညာဉ်ရ
စူပါမင်းဖြစ်ရန် ရည်ရွယ်၍ တရား
အားထုတ်ခြင်း။
တရားအားထုတ်ခြင်းရည်ရွယ်ချက်မှာ
သတိတရား စွဲမြဲမှု၌ တိုးတက်ရန် (To Develop
Awareness) ဖြစ်၏။ မိမိစိတ် ဘာဖြစ်နေသည်ကို စောင့်ဖတ်ခြင်းသည်လည်း အဓိကမဟုတ်ပါ။ ကောင်းကင်၌ပျံနိုင်ခြင်းသည်
တရားအားထုတ်ခြင်း၏ပန်းတိုင်မဟုတ်ပါ။ ပန်းတိုင်အစစ်မှာ ကိလေသာတို့မှလွတ်မြောက်ရန်
ဖြစ်သည်။အဘိညာဉ် စွမ်းအားနှင့် တရားအားထုတ်ခြင်းတို့မှာ အပြန်အလှန် ခက်ခဲနက်နဲစွာ ဆက်စပ်နေကြသည်။ တရားအားထုတ်ခါစ
ယောဂီများသည် အဘိညာဉ်ကိစ္စများကို တွေးမိကောင်း တွေးမိပေ ဘလိမ့်မည်။ အချို့သော
ယောဂီများ လွန်ခဲ့သည့်ဘဝဟောင်းများကို မှတ်မိကောင်း မှတ်မိပေလိမ့်မည်။
ထိုကဲ့သို့မှတ်မိခြင်းမျိုးကို ကောင်းစွာဖွံ့ဖြိုးပြီး စိတ်ချရသော အဘိညာဉ်၏ အစွမ်းဟု
မခေါ်ဆိုနိုင်ပါ။ အလွန့်အလွန်အရေးပါသော အရာအဖြစ်လည်း မသတ်မှတ်သင့်ပါ။ ထိုအဘိညာဉ်ကိစ္စများကြောင့်
ငြိကပ်တတ်သော တဏှာကို ဖြစ်ပေါ်စေတတ်သောကြောင့် အားထုတ်ခါစ ယောဂီများအတွက်
အလွန်အန္တရာယ် များလှသည်။ လမ်းမှန်ပေါ်မှ လွင့်စင်သွားအောင် ဖြားယောင်းတတ်သော
ထောင်ချောက်များ (ဥပက္ကိလေသာ ၁၁-ပါး)
ဖြစ်သည်။ အဘိညာဉ်ကိစ္စကို အလေးမပြုမိအောင် ကြိုးစားခြင်းသည် နည်းကောင်းတစ်ခု
ဖြစ်သည်။အဘိညာဉ် အစွမ်းများ ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ မည်သို့မျှ မထူးခြားပါ။
ယောဂီ၏ တရားထိုင်သက်တမ်းတစ်လျှောက်တွင်
အဘိညာဉ်အစွမ်းများ ရရန် သီးသန့်လေ့ကျင့်ခန်းများ အားထုတ်ကောင်း အားထုတ်ခဲ့မည်။
အဘိညာဉ်အစွမ်း ရရန် အလွန်ပင် ခဲယဉ်းသည်။ အလွန်အဆင့်မြင့်သည့် ဈာန်ဆိုက်သော
သမာဓိကို လေ့ကျင့်အောင်မြင်ခဲ့ပြီးသူ (ကသိုဏ်း ၁၀-ပါး၌ စတုတ္ထဈာန်ရောက်အောင် ဝသီဘော်
၅-တန်ဖြင့် ကျွမ်းကျင်စွာအားထုတ်နိုင်သူ)သာ အန္တရာယ်နည်းပါးစွာ အလွန်ခက်ခဲသော
အဘိညာဉ် အစွမ်းကိုရရှိရန် လေ့ကျင့်နိုင်သည်။ ဝေနေယျသတ္တဝါ များ ချေချွတ်ရန်ရည်ရွယ်၍
အဘိညာဉ်အစွမ်းများရရန် အားထုတ်သင့်သည်။ ဆယ်စုနှစ်ပေါင်းများစွာ အဆက် မပြတ်
အားထုတ်ရန် လိုအပ်သည်။ မိမိနှင့်သင့်လျော်သည့် လုပ်ငန်းခွင်ကို(သတိတရားစွဲမြဲရန်) ဇောက်ချပြီး
ဥပက္ကိလေသာ ၁၁-ပါးတို့မှလွန်မြောက်အောင် ကြိုးစားပါလေ။
Misconception
(5)
လွဲမှားသောအယူအဆ
(၅)
Meditation
is dangerous and prudent person should avoid it.
တရားအားထုတ်ခြင်းသည်
အန္တရာယ် များသော ကြောင့် ဆင်ခြင်တွေးခေါ်တတ်သူများ ရှောင်ကြဉ် သင့်သည်။
အရာရာတိုင်း၌ အန္တရာယ်ရှိသည်။
လမ်းဖြတ်ကူး နေစဉ် ဘတ်စ်ကား ဝင်တိုက်နိုင်သည်။ ရေချိုးနေစဉ် အတွင်း
လည်ပင်းရိုးကျိုးနိုင်သည်။ တရားထိုင်နေစဉ် အတွင်း သင်၏အတိတ်မှ မှတ်ဥာဏ်များအားလုံး
မေ့ပျောက်သွားနိုင်သည်။ ကြိုးစားပြီး မေ့ပစ်ထား သော ကြောက်စရာကောင်းသည့် အတိတ်က
အဖြစ်အပျက်များ တရားအားထုတ်နေစဉ် ပြန်ပေါ်လာနိုင်သည်။
လုံးဝအန္တရာယ်မရှိသည့်အရာဆိုတာ
မရှိနိုင်ပါ။ အရာရာတိုင်းသည် အန္တရာယ်ရှိသည့်အတွက် အချိန် ပြည့် ခေါင်းမြီးခြုံ၍နေရမည်ဟုလည်း
မဆိုလိုပါ။ စစ်မှန် သောရှင်သန်ရပ်တည်ခြင်းမဟုတ်ပါ။ အသက်မသေခင်
ဘဝဆုံးနေခြင်းသာဖြစ်သည်။ ဘယ်အန္တရာယ်နှင့် တွေ့ဖို့ ဘယ်လောက် ဖြစ်နိုင်ချေများသည်၊
ဘယ်လို အန္တရာယ် မျိုးနှင့်ကြုံတွေ့နိုင်သည်။ ကြုံတွေ့ခဲ့သော် မည်သို့ရင်ဆိုင်
ရမည်ဆိုတာ ပြင်ဆင်ထားသင့်သည်။ လက်စွဲစာအုပ်များ၏ ရည်ရွယ်ချက်မှာ
ထိုစိန်ခေါ်မှုများကို ကျော်လွှား လွန်မြောက်ရန် ဖြစ်သည်။
ဝိပဿနာဘာဝနာ၏ရည်ရွယ်ချက်မှာ သတိတရား
စွဲမြဲမှုတိုးတက်ရန် (develop awareness) ဖြစ်၏။ ဝိပဿနာ ဘာဝနာသည် အန္တရာယ်မရှိပါ။
ဝိပဿနာ ဘာဝနာသည် အန္တရာယ်များကိုကျော်လွှားရန်အတွက်သာ ဖြစ်သည်။
သတိတရားလက်ကိုင်ထားခြင်းဖြင့် အန္တရာယ်များမှ လုံခြုံစေသည်။ တရားဘာဝနာကို စနစ်တကျ
လေ့ကျင့်အားထုတ်ခြင်းဖြင့် သိမ်မွေ့စွာ တဖြည်းဖြည်း တိုးတက်လာပေလိမ့်မည်။
ဖြည်းဖြည်း နှင့် မှန်မှန် လေ့ကျင့်လျှင် သင်၏တရားအားထုတ်မှုသည် သဘာဝအတိုင်း
တိုးတက်လာပါလိမ့်မည်။ မည်သည့် အရာကိုမျှ
အတင်းအကြပ် မပြုလုပ်သင့်ပါ။ အချိန်ပြည့် တရားစခန်းတွင် ကျွမ်းကျင်သော
အရည်အချင်းရှိသည့် ကမ္မဋ္ဌာန်းဆရာကောင်းနှင့် လေ့ကျင့်သင်ကြားပါက အလွန်လျင်မြန်စွာ
တိုးတက်အောင်မြင်လာလိမ့်မည်။လွယ်ရာကစပြီး ဖြည်းဖြည်းမှန်မှန်လေ့ကျင့်ပါက အားလုံး
ပြီးမြောက်အောင်မြင်လိမ့်မည်။
Misconception
(6)
လွဲမှားသောအယူအဆ
(၆)
Meditation
is for saints and holy men, not for regular people
တရားအားထုတ်ခြင်းသည်
ရဟန်းသံဃာများ
အတွက်သာဖြစ်ပြီး
သာမန်လူများနှင့်မဆိုင်ပါ။
အမေရိကန်မှ
နာမည်ကြီးသရုပ်ဆောင်များနှင့် ဘတ်စကက်ဘောချန်ပီယံများကို သာမန်လူတို့ထက်
စွမ်းဆောင်ရည်မြင့်မားသူများအဖြစ် လက်ခံထားသကဲ့သို့ ရဟန်းတော်များသည်
ရိုသေမြတ်နိုးဖွယ်ရာ ဂုဏ်တို့ဖြင့် ပြည့်စုံသောကြောင့် ရဟန်းတော်များသာ
ကမ္မဋ္ဌာန်းတရားနှင့် ဝိပဿနာဘာဝနာတို့ကို အားထုတ်ရမည်ဟု အာရှဒေသ၌ ကျယ်ကျယ်ပြန့်ပြန့် လက်ခံယူဆထားကြသည်။
ထိုသူများသည် စွမ်းနိုင်သူများဖြစ်ကြပြီး
ရှားပါးသောအရည်အချင်းများ ပိုင်ဆိုင်ကြသည်။ မြင့်မြတ်သော ရသေ့ရဟန်းများ
အားလုံးနီးပါး တရားဘာဝနာ ပွားကြသည်။ သို့သော် ထိုသူများသည် ရသေ့ရဟန်း
များဖြစ်သောကြောင့် တရားအားထုတ်ခြင်းမဟုတ်ကြ ပါ။ သံသရာဘေးကိုကြောက်ရွံ့၍
တရားဘာဝနာ၌ မွေ့လျော်သောကြောင့်သာ ရသေ့ရဟန်းများအဖြစ် သတ်မှတ် ခေါ်ဆိုခံရခြင်း
ဖြစ်သည်။ တရားဘာဝနာ ပွားများခြင်းက သာ စင်ကြယ်မြင့်မြတ်သူအဖြစ်သို့ ရောက်စေခြင်းဖြစ်သည်။
ရသေ့ ရဟန်း မဖြစ်ခင် ကတည်းက တရားအားထုတ်ကြသူများဖြစ်သည်။ လုံးဝဖြူစင်သည့်
သီလအကျင့်ရှိသူသာ တရား အားထုတ်သင့်သည်ဟု ယောဂီအများစုက လွဲမှားစွာ နားလည်
လက်ခံထားကြသည်။ ထိုနည်းသည် အလုပ်ဖြစ်နိုင်သောနည်းတစ်ခု မဟုတ်ပါ။
သီလမြဲရန်အတွက် စိတ်ပိုင်းဆိုင်ရာ
ထိန်းချုပ်မှု (mental control) သည် အနိမ့်ဆုံးအခြေခံလိုအပ်ချက် တစ်ခုဖြစ်သည်။
အခြေခံ (၅)ပါးသီလ (သို့) (၈)ပါး သီလတို့ကို မစောင့်စည်းနိုင်၊ ဖြူစင်စွာ
မလိုက်နာနိုင်လျှင် သမာဓိထူထောင်ရန် မဖြစ်နိုင်ပါ။ ဗုဒ္ဓနည်းအရ တရား
ဘာဝနာပွားများရန် သီလ၊ သမာဓိ၊ပညာသည် အခြေခံ အုတ်မြစ်ဖြစ်သည်။
ကျင့်စဉ်နက်ရှိုင်းလာလေလေ ထို သိက္ခာသုံးပါးမှာ ပို၍ဖွံ့ဖြိုးလာလေလေဖြစ်၏။ သိက္ခာ
၃ပါး(သီလ၊ သမာဓိ၊ ပညာ)သည် အပြန်အလှန်
ဆက်စပ်နေသောကြောင့် တစ်ချိန်မှာ တစ်ခုချင်းစီဖွံ့ဖြိုး ရန်
လေ့ကျင့်ခြင်းထက် တစ်ပြိုင်နက် ဖွံ့ဖြိုးရန်လေ့ကျင့် ခြင်းက ပို၍မှန်ကန်သည်။
သီလအကျင့်(လုံးဝ) ပြည့်စုံအောင်မြင် ပေါက်မြောက်အောင် စောင့်ဆိုင်း နေသော
ယောဂီလောင်းသည် မည်သည့်အခါမျှ စတင် တရားအားထုတ် ဖြစ်လိမ့်မည် မဟုတ်ပေ။ထို ယောဂီ
လောင်းသည် ရေချိုးရန်အတွက် သမုဒ္ဒရာကြီးတစ်ခုလုံး လုံးဝငြိမ်သက်သွားအောင်
စောင့်နေသူနှင့် တူသည်။ သီလအဆင့် အမျိုးမျိုးရှိပါသည်။ အခြေခံ အဆင့်သီလမှာ
တစ်စုံတစ်ဦးက ချမှတ်ပေးသော စည်းမျဉ်း စည်းကမ်း၊ ဥပဒေ(rules and regulations)
ဖြစ်သည်။
သင့်နိုင်ငံ၏ဥပဒေ(သို့)
သင့်ကျောင်းစည်းကမ်း(သို့) သင့်ဖခင်ချမှတ်ထားသော လိုက်နာရန်အချက်များဖြစ်သည်။
မည်သူကချမှတ်သည်ဖြစ်စေ ထိုဥပဒေစည်းကမ်း တို့ကို သိနားလည်ပြီး လိုက်နာရန်ဖြစ်သည်။
ထို ဥပဒေ စည်းကမ်းတို့မှာ ရှင်းလင်းလွယ်ကူ၍ တိကျပြတ်သားပြီး စည်းကမ်းတစ်ခုချိုးဖောက်တိုင်း
တစ်ချက် အရိုက်ခံရ မည်ဆိုလျှင် ချန်ပင်ဇီမျောက်တစ်ကောင်ပင် လိုက်နာ လိမ့်မည်။
ထိုအခြေခံအဆင့်သီလ၌ တရားဘာဝနာ အားထုတ်ခြင်း မလိုအပ်ပါ။ ဥပဒေ စည်းကမ်းနှင့်
ရိုက်မည့်တုတ်(အပြစ်ဒဏ်)တို့သာ လိုအပ်သည်။ ဒုတိယ အဆင့်သီလမှာ စောင့်ကြည့်နေသည့်သူ၊
ရိုက်မည့် တုတ်မရှိဘဲ အထက်ပါစည်းကမ်း အားလုံးကို လိုလိုလားလား
လိုက်နာခြင်းဖြစ်သည်။ ထိုစည်းကမ်းများကို သင်၏အဇ္ဈတ္တသန္တာန်မှ သိစိတ်ဖြင့်ကော၊
မသိစိတ်ဖြင့်ပါ ပင်ကိုသဘောအတိုင်း လက်ခံလိုက်နာခြင်းဖြစ်၏။ စည်းကမ်းတစ်ခု ချိုးဖောက်တိုင်းလည်း
သင့်ကိုယ်သင် အပြစ်ပေးပါလိမ့်မည်။ ထိုအဆင့်သို့ရောက်ရန် အနည်းငယ်မျှသော
စိတ်ထိန်းချုပ်မှုလိုအပ်သည်။
သင် ပရမ်းပတာလုပ်ကိုင်တတ်လျှင်
သင်၏သွင်ပြင် အမူအရာမှာလည်း ပရမ်းပတာ ဖြစ်နေလိမ့်မည်။ စိတ်ဓာတ်အဆင့်အတန်း
မြင့်မားလာခြင်းသည် စိတ် ပရမ်းပတာဖြစ်မှုကို နည်းပါးစေသည်။
တတိယအဆင့်သီလကို ကိုယ်ကျင့်တရား(ethics)
လို့ခေါ်ဆိုရမှာပါ။ အမြင့်ဆုံးသောအဆင့်ဖြစ်ပြီး လုံးဝ ကွာခြားသောအဆင့်တစ်ခုကို
ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ကိုယ်ကျင့်တရားမည်သည် အာဏာပိုင်(သို့)ခိုင်းစေသူမှ
ချမှတ်သော စည်းမျဉ်းစည်းကမ်းများ ကို မျက်စိပိတ် နားပိတ်လိုက်နာခြင်းမျိုးမဟုတ်ပါ။
ထိုအဆင့်၌ အခြေအနေ၊အချိန်အခါနှင့် ကိုက်ညီမည့်အပြုအမူကိုကိုယ်တိုင်
ရွေးချယ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။ အမှန်တကယ် ဥာဏ်ရည်မြင့်မားစွာဖြင့်
အခြေအနေအားလုံးအတွက် အကောင်းဆုံးနှင့်အသင့်တော်ဆုံး တုံ့ပြန်မှုတို့ကို ဖန်တီး
ပြုမူနိုင်ပြီ ဖြစ်သည်။ ထို့အပြင် အတ္တအကျိုးထက် အများအကျိုးအပေါ် အခြေခံသည့်
ဆုံးဖြတ်ချက်တွေကို ရဲဝံ့စွာချမှတ်နိုင်မည်ဖြစ်သည်။ အခြေအနေတစ်ရပ်လုံး၏
ကောင်းရာကောင်းကျိုးကို သိမြင်နိုင်စွမ်းရှိပြီး အတ္တ နှင့်ပရကို ဟန်ချက်ညီညီ
ထိန်းချုပ်နိုင်မည် ဖြစ်သည်။လောဘ,ဒေါသနှင့် မောဟတို့ကင်းလွတ်ပြီး မိမိ
သူတစ်ပါးအကျိုးများမည့် နည်းလမ်းများဖြင့်သာ တွေ့ကြုံသမျှကိစ္စတို့ကို လွန်မြောက်စေလိမ့်မည်။
ထိုကဲ့သို့စိတ်ထားမျိုးကို တရားဘာဝနာ
ပွားများခြင်းဖြင့်သာ ရရှိနိုင်သည်။ မည်သည့်နည်းလမ်းမျိုးနှင့်မျှ ထိုကဲ့သို့
မြင့်မားမွန်မြတ်သောစိတ်ထားမျိုးကို မရရှိနိုင် ပေ။ပြဿနာတိုင်းကို
ရှုထောင့်တိုင်းမှအဆင်ပြေအောင် ကြိုးစားခြင်းသည် ဘောလုံးများစွာကို လေထဲ၌မြှောက်
ကစားခြင်းနှင့်ဆင်တူပြီး မည်သည့်ထူးချွန်ထက်မြက်မှုက မစွမ်းနိုင်ပါ။ အမြဲတမ်းအတွက်
အလွန်ပင်ပန်းသော ကိစ္စရပ်လည်းဖြစ်သည်။ တရားဘာဝနာအားထုတ်ခြင်း က ရရှိသည့်
အဆင့်မြင့်သမာဓိကသာ အမှားအယွင်းမရှိ ပြီးမြောက်အောင်မြင်နိုင်သည်။
Misconception
(7)
လွဲမှားသောအယူအဆ(၇)
Meditation
is running away from reality
တရားအားထုတ်ခြင်းသည်
အမှန်တရားများမှ ထွက်ပြေးခြင်း ။
တရားအားထုတ်ခြင်းသည် အမှန်တရားနှင့် ရင်ဆိုင်ခြင်းဖြစ်သည်။
တရားအားထုတ်ခြင်းဖြင့်လည်း ဘဝ၏နာကြည်းဖွယ်ရာများမှ မလွတ်မြောက်သွားပါ။ ဘဝကို
နက်ရှိုင်းစွာ နားလည်နိုင်ပြီး အမှန်တရားကို ရဲရဲရင်ဆိုင်နိုင်သောခွန်အားကို
ရရှိနိုင်သည်။ ဝိပဿနာ ဘာဝနာသည် သင် မြင်တွေ့သည့်အတိုင်း ဘဝကို လက်တွေ့ကျကျ (ဓမ္မဓိဋ္ဌာန်ကျကျ)တွေ့ကြုံခံစားနိုင်ရန်
ရည်ရွယ်သည့် အလေ့အကျင့်တစ်ခုဖြစ်သည်။
ထင်ယောင်ထင်မှားမှုများကို
မောင်းထုတ်နိုင်ပြီး သင့်ကိုယ်သင် မသိမသာ လိမ်ညာနေမှုများမှ လွတ်မြောက်စေနိုင်သည်။
အရှိကိုအရှိအတိုင်း(သဘာဝ ကို သဘာဝအတိုင်း၊ မမြဲမှုကို မမြဲသည့်အတိုင်း)
သင့်ကိုယ်သင် အမှန်အတိုင်းတွေ့မြင်စေသည်။ သင်၏ အားနည်း ပျော့ညံ့မှုများကို
အရင်းခံကာ သင့်ကိုယ်သင် ဟန်ဆောင် လိမ်ညာလှည့်ဖျားမှုဝဲဩဃ (wheel of illusion) ထဲက
မလွတ်မြောက်အောင် ချည်နှောင်ထား ၏။ ဝိပဿနာ ဘာဝနာသည် သင်၏ ပြဿနာများကို
ဖုံးကွယ်မေ့ပျောက် အောင် မစွမ်းဆောင်နိုင်ပါ။သင့်ကိုယ် သင် အမှန်အတိုင်း
အတိအကျတွေ့မြင်နိုင်အောင်သာ လေ့ကျင့်ယူခြင်းဖြစ်သည်။ အရှိကိုအရှိအတိုင်း လုံးဝ
ရှုမြင်လက်ခံနိုင်မှသာ
တိုးတက်သောပြောင်းလဲမှုကို သင်ကိုယ်တိုင် ပြုလုပ်နိုင်မည်ဖြစ်သည်။
Misconception
(8)
လွဲမှားသောအယူအဆ
(၈)
Meditation
is a great way to get high
တရားအားထုတ်ခြင်းသည်
ဘဝမြင့်မားရန်အတွက် အကောင်းဆုံးလမ်း။
တရားအားထုတ်ခြင်းသည် တစ်ခါတစ်ရံနှစ်သက်
ဖွယ်ကောင်းသော၊ ပီတိသုခပြည့်ဝသော ချမ်းသာသည့် ခံစားမှုများရရှိနိုင်ပါသည်။
ထိုခံစားမှုများသည် တရား အားထုတ်ခြင်း၏ ပန်းတိုင်မဟုတ်သလို အမြဲတမ်းလည်း
မရရှိနိုင်ပါ။ သမာဓိထူထောင်ရန်၊ သတိတရားမြဲရန် စသော
မှန်ကန်သည့်ရည်ရွယ်ချက်များဖြင့် အားမထုတ်ဘဲ ထိုချမ်းသာသုခကို တောင့်တ၍
တရားဘာဝနာကို အားထုတ်ပါက ပို၍ပင် ထိုခံစားမှုများကို ရရှိရန် ခက်ခဲပေလိမ့်မည်။
စိတ်တင်းကြပ်မှုများမှပြေလျှော့ခြင်းဖြင့်
အနားယူ အပန်းပြေမှုမျိုး ဖြစ်ပေါ်လာသည်။ ထိုအနားယူ အပန်းပြေမှုမှတစ်ဆင့်
ပီတိသုခများရရှိနိုင်သည်။ တရားအားထုတ်ခြင်းမှ ပီတိသုခကို လိုက်လံရှာဖွေနေခြင်းကြောင့်
မွန်းကြပ်သောစိတ်ထားမျိုး ဖြစ်ပေါ်လာကာ ဘာဝနာ၏ ဖြစ်စဉ်တစ်ခုလုံးကို ပျက်စီးစေသည်။
ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်
ချမ်းသာသုခတို့သည် မတောင့်တသည့်အခိုက်အတန့်၌ သာ လွယ်ကူစွာရရှိနိုင်
သည်။ထိုပီတိသုခသည် ပန်းတိုင်မဟုတ်။ တစ်ခါတစ်ရံမှ ရလေ့ရှိသော တရားအားထုတ်ခြင်း၏
ဘေးထွက်ပစ္စည်းမျှသာဖြစ်သည်။
နေ့စဉ်ရက်ဆက် အချိန်ကြာကြာတရားအားထုတ်
ခြင်းဖြင့် ရွှင်လန်းဝမ်းမြောက်ခြင်း နှင့် ချမ်းသာသုခတို့ မကြာခဏရရှိနိုင်၏။
ထိုပီတိသုခအကြောင်းကို အဆင့်မြင့်ယောဂီများ ထံမှ တစ်လေသံတည်း (ငြင်းချက်မရှိ)
ကြားနိုင်သည်။
Misconception
(9)
လွဲမှားသောနားလည်မှု
(၉)
Meditation
is selfish
တရားအားထုတ်ခြင်းသည်
တစ်ကိုယ်ကောင်းဆန်၊ အတ္တကြီးခြင်းဖြစ်သည်။
တရားအားထုတ်သည့် ယောဂီများကို တစ်ကိုယ်ကောင်းဆန်သူ၊
အတ္တကြီးသူများအဖြစ် သတ်မှတ်တတ် ကြသည်။ ကူရှင်ပေါ်၌ ငြိမ်သက်စွာထိုင်ပြီး တရားအားထုတ်နေသည့်
ယောဂီများသည် သွေးလှူရန် ဆေးရုံ သို့သွားနေသူများလည်း မဟုတ်ပါ။ သဘာဝဘေး အန္တရာယ် ဒုက္ခသည်များကို အကူအညီပေးရန် အလုပ်
ရှုပ်နေသူများလည်း မဟုတ်ကြပါ။ ဘာကြောင့် တရား အားထုတ်နေသနည်း။ ယောဂီ၏ဆန္ဒကို ဆန်းစစ်
ကြည့်ပါ။ ဘာကြောင့် ယောဂီတစ်ယောက် တရား အားထုတ်နေသနည်း။ ထိုယောဂီ၏ရည်ရွယ်ချက်မှာ
ကိလေသာတရားများဖြစ်သည့် လောဘ၊ ဒေါသနှင့် မောဟတို့ကို မိမိစိတ်အစဉ်မှ
မောင်းထုတ်နေခြင်း ဖြစ်သည်။ ကိလေသာတရားကို အပြီးသတ်မောင်းထုတ် ရန် အဖန်တလဲလဲ
ကြိုးစားနေခြင်းဖြစ်သည်။
ထိုကိလေသာတရားများသည့် အခြားသူများပေါ်
တွင်ထားရှိရမည့် ဗြဟ္မစိုရ်(မေတ္တာ၊ ကရုဏာ၊မုဒိတာ၊ ဥပေက္ခာ)တရားများမဖြစ်ပေါ်အောင်
နှောင့်ယှက်ပိတ်ပင် တတ်သောကြောင့်ဖြစ်သည်။ ထိုကိလေသာတရားများကို အပြီးတိုင်
မဖယ်ရှားနိုင်သရွေ့ ယောဂီတစ်ဦး ပြုလုပ် သည့် အများကောင်းရာကောင်းကျိုး ကိစ္စများသည်
(သံသရာအတွက်) မိမိကောင်းစားရေးနှင့် မိမိအတ္တ၏ အဆွယ်အပွားမျှသာ ဖြစ်သည်။ ‘ကူညီမှု’ဆိုသည့်
ခေါင်းစဉ်တပ်ပြီး တစ်စုံတစ်ယောက်(သို့)မိမိကိုယ်ကို ထိခိုက်နစ်နာစေခြင်းသည်
အလွဲမှားဆုံး ကစားပွဲ ဖြစ်သည်။
အဆင့်မြင့်ယောဂီတစ်ယောက်၏ဘဝကို ဆန်းစစ်
လျှင် အများအကျိုးအတွက် ကိုယ့်အကျိုးစွန့်လွှတ်ရမည့် လူမှုရေးပရဟိတလုပ်ငန်းများကို
ဆောင်ရွက်လေ့မရှိ သည်ကို တွေ့ရှိနိုင်သည်။ အမှန်မှာ ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့ထင်တာထက် ပို၍အတ္တကြီးကြသည်။ အကန့် အသတ်မရှိ လွတ်လပ်ခွင့်ရခဲ့လျှင်
အတ္တသည် အနှစ်သာရရှိသော လုပ်ငန်းကိစ္စများကို မြောင်းထဲသို့ရောက် အောင်လုပ်နိုင်သည်။
တရားဘာဝနာပွားများခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိအတ္တ၏ ခိုင်းစေမှုများနှင့်နူးညံ့သော
လှည့်ဖြားမှုများကို ထင်ရှားအောင်သတိထားလိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ
အမှန်တကယ်အတ္တကင်းစင် လိမ့်မည်ဖြစ်သည်။ မိမိ၏အတ္တကို သန့်စင်အောင် ကြိုးစားခြင်းသည်
အတ္တကြီးသည့်အလုပ် မဟုတ်ပါ။
Misconception
(10)
လွဲမှားသောနားလည်မှု
(၁၀)
When you
meditate, you sit around thinking lofty thoughts
တရားအားထုတ်ခြင်းသည်
ထိုင်၍စဉ်းစားတွေးခေါ် နေခြင်းဖြစ်သည်။
တရားသဘောကို လေးလေးနက်နက် ဆင်ခြင်
ကြည့်ရှုခြင်းနည်းများစွာရရှိပါသည်။ ထိုနည်းများသည် ဝိပဿနာဘာဝနာ မဟုတ်ပါ။ ဝိပဿနာသည် သတိ
တရားမြဲအောင် လေ့ကျင့်ခြင်းဖြစ်သည်။ အရှိအတိုင်း သိအောင်လုပ်ခြင်းဖြစ်သည်။
ဝိပဿနာဘာဝနာသည် ရိုးရှင်းသည့်ကျင့်စဉ်တစ်ခုဖြစ်သည်။ နှစ်သက်မှု၊ မနှစ်သက်မှုနှင့်
အတွေးပုံရိပ်တို့မပါဝင်သော ကိုယ်တွေ့
တိုက်ရိုက်ရှုပွားမှု ဖြစ်သည်။ဘဝ၏ ခဏတိုင်း ခဏတိုင်း ကို အရှိအတိုင်း
ဟုတ်တိုင်းမှန်စွာ(ယထာဘူတကျစွာ) တွေ့မြင်အောင် အားထုတ်ခြင်းဖြစ်သည်။
Misconception
(11)
လွဲမှားသောနားလည်မှု(၁၁)
A couple
of weeks of meditation and all my problems will go away
နှစ်ပတ်၊
တစ်လ တရားစခန်းဝင်ရုံဖြင့် ပြဿနာ
အားလုံး အဆင်ပြေသွားလိမ့်မည်။
တရားဘာဝနာသည် တစ်ခါတည်း၊ချက်ချင်း၊အပြီး
ပျောက်ကင်းစေသည့် ဥုံဖွ မန်းဆေးတစ်မျိုးမဟုတ်ပါ။ ပြောင်းလဲမှုကို
ချက်ချင်းတွေ့ကောင်းတွေ့ပါလိမ့်မည်။ အနှစ်သာရရှိသည့် အကျိုးရလဒ်ကောင်းကိုတော့ နှစ်ပေါင်းများစွာကြာမှ
ရရှိနိုင်လိမ့်မည်။ ကျွန်ုပ်တို့၏ စကြဝဠာကြီးကို ဤကဲ့သို့ ခက်ခဲမှုများဖြင့်
ဖွဲ့စည်း တည်ဆောက်ထားသည်။ တစ်နေ့တစ်ညနှင့်ရရှိနိုင်သော အရာသည်
ဘာမျှတန်ဖိုးရှိမည်မဟုတ်။ တရားဘာဝနာ ပွားများခြင်းသည် အတိုင်းအတာတစ်ခုအထိ ခက်ခဲ
လိမ့်မည်။နှစ်ပေါင်းများစွာ စည်းကမ်းကောင်းကောင်းနှင့် စနစ်တကျ
အနစ်နာခံလေ့ကျင့်ရသည့်ကျင့်စဉ်ဖြစ်၏။
တရားထိုင်တိုင်း ရလဒ်ကောင်းတွေရရှိနိုင်သည်။ အချို့ သော ရလဒ်များသည်
ဖော်ပြခြင်းငှာ မစွမ်းနိုင်အောင် သိမ်မွေ့နက်နဲကြ၏။ ထိုရလဒ်များသည် စိတ်၏ အနက်ရှိုင်းဆုံးနေရာ၌တည်ရှိနေပြီး
အချိန်အတန်ကြာမှ ထွက်ပေါ်လာသည်။ ယောဂီတစ်ယောက်သည်
သိသာ ထင်ရှားသော ပြောင်းလဲမှုရလဒ်ကို တရားထိုင်တိုင်း တစိုက်မတ်မတ် လိုက်လံရှာဖွေနေခဲ့လျှင်
ထိုယောဂီသည် သိမ်မွေ့နက်နဲသော တိုးတက်ပြောင်းလဲမှုကို လက်လွတ် ဆုံးရှုံးလိမ့်မည်။
ထိုအခါ သူ့မှာ မည်သည့် ပြောင်းလဲမှု၊
တိုးတက်မှုမျှ မရရှိပါဆိုပြီး စိတ်ခွန်အားတွေ လျော့ကျ လာပြီး
လက်မြှောက်အရှုံးပေးမှာ သေချာသည်။ သည်းခံ ခြင်း(ခန္တီပါရမီ)သည် အဓိက ကျသည်။
တရားအားထုတ် ခြင်းမှာ ဘာကိုမျှ သင်ခန်းစာအဖြစ်မရရင်တောင်မှ သည်းခံခြင်းသဘောကို
သင်ယူပြီးဖြစ်မှာ သေချာသည်။ သည်းခံခြင်းသည် ဘဝအတွက် အဖိုးတန်ဆုံးသော
သင်ခန်းစာဖြစ်သည်။
ဆီလျော်အောင်
ဘာသာပြန်ဆိုသူ
ကောင်းထက်ညွန့်
From
Dhamma Web Notes
No comments:
Post a Comment