အရေးပါသော
ပေးစာတစ်စောင်
မိုးနန္ဒာ(ခန္တီးမြေ)
သူငယ်ချင်းနှစ်ယောက်
တစ်ယောက်က သကျတိုင်းသား
အမည်ကတော့ “အာနန္ဒာ”
နောက်တစ်ယောက်က မလ္လတိုင်းသား
သူ့အမည်ကတော့ “ရောဇ”။
သူတို့နှစ်ယောက် သူငယ်ချင်း တွေပင်
ဖြစ်နေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် တိုင်းချင်းလည်း မတူသလို၊ဘဝချင်း လည်း
မတူကြပေ။ ဘဝချင်း မတူ ကြလေသောကြောင့် သူတို့နှစ်ဦး သည် အမြင်ချင်းလည်း မတူ။
ရည်ရွယ်ချက်ချင်းလည်း မတူကြ ပေ။ သို့သော်လည်း သူတို့နှစ်ဦး သည် ချစ်ကြသည်၊
ခင်ကြသည်၊ သံယောဇဉ်ကြီးမားကြသူများပင် ဖြစ်ပါသည်။
မလ္လတိုင်းသည် သကျ တိုင်းနှင့်
အနေအထားချင်း တူနေ ကြသောကြောင့် နိုင်ငံရပ်ခြားတိုင်း
ပြည်များထဲတွင်အာနန္ဒာတစ်ယောက် အရောက်အပေါက် အများဆုံးသော တိုင်းလည်း ဖြစ်သည်။
ထို့ကြောင့် လည်း အာနန္ဒာနှင့်ရောဇတို့ မေတ္တာ သက်ဝင် အချစ်ခင်ကြဆုံးသော
သူငယ်ချင်းများ အဆင့်သို့ ရောက် ရှိနေကြရခြင်းပင် ဖြစ်ပါသည်။
သူငယ်ချင်း နှစ်ယောက် တစ်ယောက်နှင့်
တစ်ယောက်
သံယောဇဉ်အကြီးမားရဆုံးသော
သူငယ်ချင်းများ ဖြစ်နေကြသော် လည်း အာနန္ဒာနှင့်ရောဇတို့ စိတ် သဘောချင်း
မတူညီကြပေ။
ရောဇသည် ရာဇစိတ် ခက် ထန်သူတစ်ယောက်ဖြစ်သည်။ သူ့ တိုင်းသူ့ပြည် သူ့ဌာနေတွင်
စည်းစိမ် ဥစ္စာ ဂုဏ်ပါဝါတို့ဖြင့် အခြေ တကျ အနေလှသူတစ်ဦး ဖြစ်၏။ ဓနဂုဏ်တို့ကြောင့်
ဘဝဂုဏ်မောက် ကာ လောကရေး(လောကီစီးပွား ရေး)သည်သာ သူ့ဘဝ၏ ဦးတည် ချက်၊
သူ့ဘဝ၏ရည်မှန်းချက်၊ သူ့ ဘဝ၏ပန်းတိုင်အဖြစ် ခံယူထားကာ သူ့ဘဝတစ်ခုလုံးကိုပါ လောကရေး
ထဲ၌ မြှုပ်နှံထားသူ ဖြစ်ပါသည်။
အာနန္ဒာကား ရောဇလို မဟုတ်။ ရောဇနှင့် မတူ။ “ပြဒါး တစ်လမ်း သံတစ်လမ်း”ဟု ဆိုရ လောက်အောင်
တစ်ယောက်နှင့် တစ်ယောက်မှာ ဦးတည်ချက်တွေ၊ ရည်ရွယ်ချက်တွေ တခြားစီဖြစ်နေ ပေသည်။
အာနန္ဒာသည် လောက ကိုရွံမုန်းနေသူ၊ထို့ကြောင့် လောက အဆုံးအထိ လျှောက်လှမ်း၍နေသူ။
သူ့အတွက် ဂုဏ်မလို၊ ရွှေမလို၊ ငွေမလို၊ စည်းစိမ်ဥစ္စာတွေလည်း မလိုတော့ပေ။
ရယူပိုင်ဆိုင်ခြင်းတို့ ထက် စွန့်လွှတ်ဖို့ကိုသာ အစဉ်အမြဲ ရှေးရှု၍နေသူ။
ရောဇတစ်ယောက်ကတော့ ရယူပိုင်ဆိုင်ခြင်းဆိုသည့် လောက ဖြစ်စဉ်ထဲတွင် ဘဝ၏ရသကို
တွေ့ ရနိုးနိုးဖြင့် မျှော်ကိုးကာ ရှာဖွေနေ သူ။
အာနန္ဒာမှာတော့ ဘဝ၏ တန်ဖိုးဖြစ်သည့် “ရသ”ကို ပေးဆပ် ခြင်း၊
စွန့်လွှတ်ခြင်းများဖြင့် ရှာဖွေ လျက် ရှိနေသူ။ လောကမှ လွတ် မြောက်လိုသူတိုင်း
ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်းမည်သော ရသ၏ တန်ဖိုးကို သဘောပေါက်ထားပြီး ဖြစ်ကြသလို
အာနန္ဒာသည်လည်း စွန့်လွှတ်မှုရသအတွက်
အဝါရောင် သင်္ကန်းကိုဆင်မြန်းကာ ရှင်ရဟန်း တို့ ကျင့်စဉ်ဓမ္မတာအတိုင်း ဘုရား
ရှင်၏အဆုံးအမကို ခံယူ၍နေလေ ပြီ။
ရောဇမှာကား လောက စီးပွားရေးç
ကြီးပွားရေးနှင့် သူ့ကိုယ် ရေးကိုယ်တာက လွဲပြီး ဘုရား ဆို သည်ကိုလည်း မသိ၊ တရားကို
လည်း သူ မသိ၊ သံဃာကိုလည်း သူ မသိ။ ထို့ကြောင့်ပင် ဓမ္မနယ် သား ဖြစ်နေရသော
အာနန္ဒာကိုပင် လောကနယ်သား ဖြစ်အောင် လောကနယ်အတွင်းသို့ အကြိမ်ကြိမ် ဆွဲသွင်းဖို့
ကြိုးစားနေခြင်းဖြစ်ပေ သည်။
ရှင်အာနန္ဒာနှင့်
ရောဇ၊ ရောဇနှင့် ရှင်အာနန္ဒာတို့ အမြင် ချင်းမတူ၊ ဘဝချင်းမတူ၊ ရည်ရွယ်
ချက်ချင်းတို့ မတူပင် မတူငြား သော်လည်း
သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် မေတ္တာဓာတ်ခံ ရင့်သန်ခိုင်မာနေ ကြသည့်
သူငယ်ချင်းများ ဖြစ်၍ နေကြပေရာ အခြေအနေမပေး သဖြင့် အနေတို့ ဝေးပင်ဝေး၍ နေ
ကြရသော်လည်းစာအဆက်အသွယ် တို့ အဆက်မပြတ် ရှိနေခဲ့ကြပါ သည်။
ရောဇအဖို့ ရာဇမာန်မည်သို့ ပင် ခက်ထန်ဟု ဆိုနေစေကာမူ သူငယ်ချင်းဖြစ်သူ
ရှင်အာနန္ဒာနှင့် ပတ်သက်လျှင် မာန်မရှိ၊ မာန မရှိ၊ မေတ္တာဓာတ်တွေ အပြည့်ပင်။
ထို့ကြောင့်လည်း ရောဇသည် ရှင် အာနန္ဒာဆီသို့ စာတွေ မကြာမကြာ ရေးလေ့ ပေးလေ့
ရှိပါသည်။ စာတွေ ရေးတိုင်း
ပေးတိုင်းလည်း သူငယ်ချင်းဖြစ်သူ
ရှင်အာနန္ဒာအား လောကီစည်းစိမ်ဥစ္စာများဖြင့်
မက်လုံးပေးကာ လောကဘက်သား ဖြစ်အောင် ဆွဲဆောင်လျက် ရှိပေ တော့၏။
တစ်နေ့တွင် ရှင်အာနန္ဒာ သည် ဇေတဝန်ကျောင်းတော်ကြီး၌ ခေတ္တ ခဏအဖြစ်
ခရီးတစ်ထောက် နားနေစဉ် ရောဇဆီမှ စာတစ်စောင် ရောက်လာပါသည်။ စာ မရေးသည် မှာ ကြာပြီ
ဖြစ်၍ စာမလာ သတင်း မကြားဖြစ်နေသဖြင့် ရှင်အာနန္ဒာ စောင့်မျှော်နေမိသော စာတစ်စောင်
ဖြစ်နေပြန်သောကြောင့် အလော တကြီး ဖောက်ဖတ်ကြည့်လိုက်မိ ပါသည်။
သည်တစ်ခါ ရောဇ ရေး လိုက်တဲ့စာ . .ခါတိုင်းစာများနှင့် မတူအောင်
ရှင်အာနန္ဒာ၏ဘဝကို လှုပ်ခါလိုက်သော စာတစ်စောင် ဖြစ်နေပါသည်။ ရောဇ စာထဲတွင် “လူချင်းတွေ့ဆုံလိုကြောင်း၊
တွေ့ သည့်အခါတွင် ဘဝအရေးကို အလေးထား တိုင်ပင်လိုကြောင်း၊ ဖြစ်နိုင်လျှင် သူ၏
စီးပွားရေးများ ကိုပင် ခွဲဝေပေးမည့် အကြောင်းများ နှင့် အခြေမဲ့အနေမဲ့
ရဟန်းဘဝမျိုး ဖြင့် ချို့ချို့တဲ့တဲ့နေမည့်အစား သူနှင့် အတူလက်တွဲကာ လောကီစီးပွား
ဓနဥစ္စာများ တိုးပွားအောင် ရှာဖွေ ကြမည့်အကြောင်း . .”စသည်ဖြင့် ရေးသားခဲ့ပါသည်။
ဓမ္မဘက်တော်သား တစ်ဦး ကို
လောကဘက်တော်သားတစ်ယောက်က လောကဆွဲအား အပြည့်ဖြင့် ရေးသားလိုက်သော စာက
ရှင်အာနန္ဒာအတွက် မဆန်း သော်လည်း ထူး၍နေလေပြီ။ ရောဇ ၏ စာအသွားအလာအရ သည် တစ်ခါ
ရောဇနှင့် တွေ့ဖြစ်အောင် တွေ့တော့မည်ဟူ၍ပင် ဆုံးဖြတ်ချက် ချထားလိုက်လေတော့၏။
ရောဇတစ်ယောက် သည် တစ်ခါ ရှင်အာနန္ဒာဆီ ရေးလိုက်
သော စာအတွက် သူ့အတွေးနှင့် သူ ဝမ်းသာအားရ ကျေနပ်နေပြီး ဖြစ်သလို တစ်နေ့တွင်
ရှင်လူထွက် ဖြစ်လာတော့မည့် သူငယ်ချင်း အတွက် စိတ်ကူးထဲ၌ အစီအစဉ် များကိုပင်
ဆွဲကြည့်နေပြန်ပါသည်။ သူ့အကြံအောင်မြင်တော့မည်
ဟူသောအတွေးများဖြင့် ရောဇသည် ရှင်အာနန္ဒာရောက်လာမည့်နေ့ရက်
ကို မျှော်နေလေတော့၏။
ရောဇလည်း သူ့အတွေးနှင့် သူ သူ့ဘက်ချည်း
သူဖြစ်ချင်သလို ဆွဲတွေးကာ ပီတိတွေ ဖြစ်နေရ
သလိုပင် ရှင်အာနန္ဒာမှာလည်း
သူ့အတွေးနှင့်သူ တွေးယူကာ
မျှော်လင့်ချက်များ ကြီးမားလျက် ရှိနေပြန်ပါသည်။
“ရောဇက ငါနဲ့ လက်တွဲချင် နေပြီဆိုတော့
သူ့မှာ ထောင်လွှား တက်ကြွကာ တလူလူ လွင့်ထူနေ သည့်ဓနမာန်၊ဘဝမာန်တွေ အသွင်
ညှိုးပြီး သစ်ခေါက်ဆိုး အဝတ်ကို
ငါ့လိုဝတ်ဆင်ကာ ငြိမ်းချမ်းတဲ့ သာသနာ့ဘောင် ခိုလှုံနေချင်ပြီနှင့် တူတယ်။
စိတ်အကောင်းဘက် ပြောင်းလဲလာနေတုန်း အင်း- ဘုရားရှင်နဲ့တွေ့ဆုံပေးပြီး လောက
ဆွဲအားထဲမှ ကယ်ထုတ်ကာ ဓမ္မ
ဆွဲအားအတွင်းသို့ ရောက်လာမည့် အရေးဟာ ငါ့အရေးဖြစ်လို့ နေပါ ပကောလား၊
ဘာပဲဖြစ်ဖြစ် သူ့ဆီ ကို ငါကိုယ်တိုင် သွားတွေ့မှ ဖြစ် တော့မယ်လေ”ဟူ၍ ရှင်အာနန္ဒာ
မှာလည်း သူ့အတွေးနှင့်သူ ကြည်နူး လျက်ပင် . . .။
လောကလူသားကလည်း လောကဆွဲအားဖြင့် ဆွဲယူဖို့ စဉ်းစား နေခဲ့သလိုပင်
ဓမ္မဘက်တော်သား ကလည်း ဓမ္မဆွဲအားဖြင့် ဆွဲယူဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ သို့သော်
နှစ်ဦးစလုံး၏ အရေးတို့သည်ကား အတွေးသက်သက်သာ ဖြစ်ပါသည်။
သူငယ်ချင်းဟူသော မေတ္တာ
ဓာတ်၏လှုံ့ဆော်မှုကြောင့်ရှင်အာနန္ဒာ တစ်ယောက် ဘုရားရှင် ထံမှောက်သို့
ဝင်ရောက်ခဲ့လေပြီ။ သူငယ်ချင်း ဆီက
ပေးစာအရ ကုသိနာရုံသို့
သွားရောက်လိုပါကြောင်း ဘုရားရှင် အား လျှောက်ထားလေတော့၏။
ဘုရားရှင်သည် ရှင်အာနန္ဒာ ၏
လျှောက်ထားမှုအဆုံးတွင် သိမ်မွေ့လှသော အပြုံးတော်တစ်မျိုး ဖြင့် ရှင်အာနန္ဒာအား
ကုသိနာရုံရှိ သူ့ သူငယ်ချင်း ရောဇထံသို့ သွား ခွင့်ပြုလိုက်လေ၏။
ရှင်အာနန္ဒာသည် ဘုရား ရှင်၏ ခွင့်ပြုချက်အရ
ကုသိနာရုံ သို့ ခရီးထွက်ခွာလာခဲ့ပေရာ လမ်း တစ်လျှောက်လုံးတွင် မြတ်ဘုရား၏
ပြုံးမြမြ မျက်နှာတော်အား မကြာ မကြာ ပြန်လည် မြင်ယောင်၍ နေ မိပြန်ပါသည်။
ရှေးတုန်းကဆိုလျှင် ဘုရားရှင် ပြုံးတော်မူလေတိုင်း မဆိုင်းမတွပင်
ပြုံးတော်မူရခြင်း၏ အကြောင်းရင်းကို တစ်ခါတည်း လျှောက်ထားနေကျ ဖြစ်သည်။ ခု
တစ်ခါမှာတော့ အာစေးများ ထည့် ထားသည့်အလား နှုတ်ဆိတ်ကာ ထွက်လာခဲ့မိ၏။ဇေတဝန်ကျောင်း
တော်ကြီးနှင့် အဝေးကြီး ဝေးလာ သောအခါမှ ပြုံးတော်မူရခြင်း၏ အကြောင်းရင်းမှန်ကို
သိပြီးရင်း သိချင်ရင်း
ဖြစ်နေမိပြန်ပါတော့ သည်။
သာသနာတော်နှင့်အလှမ်း ဝေး၍နေသော ရောဇတစ်ယောက်
သာသနာတော်နှင့်ပတ်သက်၍ သူ သိချင် ကြားချင်နေသော အချက် အလက်တို့ ရှိနေလောက်ပါမည်။
ပြောပြရမှာက ငါ့တာဝန်။ သည် တာဝန် တကယ်ပင် ငါ့တွင် ရှိနေ ပြီ။ ဤအတွေးအတိုင်းသာ
မှန်လျှင် သာသနာတော်အတွက် အားတက် စရာပင် ဖြစ်ပေတော့မည်။ သို့သော် . .သို့သော်လည်း
ရောဇနှင့်တွေ့ဖို့ ကုသိနာရုံကို သွားလိုကြောင်း လျှောက်ထားစဉ်က မြတ်ဘုရား
အဘယ်ကြောင့် ပြုံးတော်မူလေ သနည်း။ မစဉ်းစားတတ်အောင် ပင်။
မည်သည့်ကိစ္စ မည်သည့် အကြောင်းအရာ မည်သည့် ပြဿနာပင် ဖြစ်၍နေပါစေ . .
.အတွေးသက်သက်ဖြင့် အဖြေ မထွက်နိုင်ပေ။ အတွေ့နှင့်ကျခါမှ (လူချင်းဆုံတွေ့ခါမှ)
သူ့အလိုလို အဖြေက ထွက်ပေလိမ့်မည်။ လူချင်း တွေ့ပြီး ညှိနှိုင်းဆွေးနွေးလိုက်လျှင်
ပြဿနာက ရှင်းသွားပြီး အဖြေက ထွက်သွားသည်က များပါသည်။ ထို့ကြောင့် အတွေးကြော၌ နစ်မြော မနေတော့ဘဲ
လူချင်း တွေ့ဆုံနိုင် ဖို့ အဓိက ဖြစ်ပါသည်။ သို့မှသာ အဖြေက လှပနိုင်ပါမည်။
ယနေ့ ကုသိနာရုံတွင် ရှင် အာနန္ဒာနှင့်ရောဇတို့ သူငယ်ချင်း နှစ်ယောက်
မျှော်လင့်ထားသည့် အတိုင်း ဆုံဆည်းကြလေပြီ။
သူငယ်ချင်းဟုဆိုသော်လည်း သူတို့ နှစ်ယောက် ဘဝချင်းမတူ။ အလှ ချင်းမတူ။အရေးချင်းမတူ။အတွေး
ချင်း မတူ။
တစ်ယောက်သောသူက လောကသား။ ဖြူနီကြောင်ကျား အဝတ်များဖြင့် လောကဆွဲအား အတွင်း
သာယာကြည်နူးနေသူ။ တစ်ဦးကတော့ ဓမ္မလူသား။ သစ် ခေါက်ဆိုးရည်အဝတ်အထည်ဖြင့်
ခြေသလုံးအိမ်တိုင် ကိုယ်ပိုင်ဥစ္စာ ဟူ၍ ဘာမျှမရှိ။ သူ့မှာရှိနေသည် က သပိတ်တစ်လုံးနှင့်သင်္ကန်း သုံးထည်သာ။
သူငယ်ချင်း နှစ်ယောက် ဘဝအနေအထား ယခုလို
ကွာခြား ၍နေသော်ငြားလည်း ရောဇ
တစ်ယောက် ဖြစ်ချင်နေပုံက သူတို့ နှစ်ဦးဘဝကိုတစ်ပုံစံတည်းပေါင်းစပ်
ပစ်လိုက်ချင်၏။ ပြောမနာ ဆိုမနာ ငယ်စဉ်ဘဝများကလို နေချင်၏။ ထို့ကြောင့်ပင်
ပွင့်ပွင့်လင်းလင်းဖြင့် ရောဇတစ်ယောက် ပြောလိုက်ပုံက -
“သူငယ်ချင်း ကျွန်ုပ်ရဲ့ ချမ်းသာလေသမျှ သက်မဲ့သက်ရှိ ဓနဥစ္စာ
ပစ္စည်းရတနာတွေကို ကြည့်ရှုတော်မူစမ်းပါ။
သူငယ်ချင်း မြင်တွေ့နေရတဲ့ ဤဥစ္စာရတနာ အားလုံးဟာ တို့သူငယ်ချင်း နှစ်ဦး ပိုင်အဖြစ်
ယနေ့မှစ၍သတ်မှတ်လိုက် ပါပြီ။ ရှိရှိသမျှသော စည်းစိမ်ဥစ္စာ များကို အညီအမျှ ခွဲယူ၍
ကျွန်ုပ် နည်းတူ ကျွန်ုပ်နှင့်အတူ လောက စည်းစိမ်ကို လှလှပပကြီး ခံစား
စံစားတော်မူပါတော့ သူငယ်ချင်း” ဟူ၍ ဖြစ်၏။
ချစ်သူငယ်ချင်း ရောဇ ..။ သူသည်ကား လောကရှုထောင့်မှ ကြည့်လျှင်
မိတ်ဆွေကောင်း ပီသ ပါပေသည်။ ကျင့်ဝတ်အရဖြင့် ဆို ရလျှင်လည်း သူငယ်ချင်းကောင်း
ပီသပါပေသည်။ ရောဇဘက်ကြည့် လျက် ရှင်အာနန္ဒာအတွက် အပြုံး ဆေးတစ်ခွက်မျှသာဟု ဆိုရတော့
မလိုပင် ဖြစ်နေပါတော့၏။
သာသနာတော်နှင့်အလှမ်း ဝေးနေသလောက် ဓမ္မနှင့်ပါ အဝေး ကြီး ဝေး၍နေသော ရောဇ
တစ်ယောက်ကို ကုသိနာရုံမှာ တွေ့ဆုံရခိုက် ရှင်အာနန္ဒာအနေဖြင့် “လောကသဘောနှင့်
ဓမ္မတို့သဘော၊ ရယူပိုင်ဆိုင်ခြင်း၏ သောကနှင့်
စွန့်လွှတ်ခြင်း၏ ရသ”။ ဤသဘော သဘာဝကို ခေါင်းချင်းဆိုင်ဆွေးနွေး
ပြခွင့်ရခဲ့လေ၏။ လတ်တလောတွင် သူ့အမြင်သူ့အတွေး မပြောင်းလဲ နိုင်သေးသော်လည်း
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အပြောင်းလဲကြီး ပြောင်းလဲလာနိုင်သည်ကိုရှင်အာနန္ဒာ
ကြိုမြင်ပြီးသားလည်း ဖြစ်ပါသည်။
တစ်နေ့သောအခါ ရှင်အာနန္ဒာ အပါအဝင်
ဘုရားရှင် အမှူးပြု သော သံဃာတော်တို့ ကုသိနာရုံ သိြုွ့ကတော်မူလာသည်။ ထိုအခါ ရောဇ
တစ်ယောက်သည် မြို့သူ မြို့သားအားလုံး၏ ရှေ့ဆုံးမှနေ၍ အတက်ြွကဆုံးသော အမူအရာ
ဟန်ပန်တို့ဖြင့် ဘုရားရှင် အမှူးပြု သော သံဃာပရိသတ်တို့အား ခရီး ဦးကြို၍ နေပါသည်။
ဤသည်ကို သူငယ်ချင်းဖြစ်သူ ရှင်အာနန္ဒာ လှမ်းမြင်လိုက်ရလေတော့၏။
ဤမြင်ကွင်းအလှကြောင့် ဝမ်းသာနေရသူမှာကတော့ အရင်း
နှီးဆုံးသူငယ်ချင်း ရှင်အာနန္ဒာပင် ဖြစ်၏။ ရောဇတစ်ယောက် ဘုရား ရှင်နှင့် တစ်ကြိမ်တစ်ခါမျှမဆုံတွေ့
ဖူးသော်လည်း ယခုလို တမုဟုတ် ချင်း အပြောင်းအလဲများကြောင့် ပတ်ဝန်းကျင်၏အမြင်မှာ
“သူ့သူငယ်ချင်း ရှင်အာနန္ဒာ
အဟောအပြောကောင်းသောကြောင့် ရောဇတစ်ယောက် စိတ်ထား ပြောင်းသွားခြင်းဖြစ်နိုင်သည်”
ဟူ၍ ထင်ကြေးပေးသူတွေ ပေးနေကြ သည်။ သူငယ်ချင်း ရောဇ၏ အပြောင်းအလဲလှပသော မြင်ကွင်း
ကြောင့် ရှင်အာနန္ဒာကိုယ်တိုင်
မေးကြည့်ခဲ့ပါသေးသည်။
“သူငယ်ချင်း၊ ဘုရားရှင်ကို
ကြိုဆိုတဲ့ပွဲက စည်ကားလှချည့် လား။ သူငယ်ချင်းကိုယ်တိုင် ရှေ့ဆုံး ကကြိုဆိုနေတာ
တွေ့မြင်လိုက်ရ တော့ ဝမ်းသာမိတယ် သူငယ်ချင်း ရာ”ဟူသောစကားဖြင့် ရှင်အာနန္ဒာ က
ကြိုဆိုပွဲအပြီးတွင် သူ့ဆီကို လာတွေ့သောသူငယ်ချင်းရောဇအား မေးပြော ပြောလိုက်၏။
ရှင်အာနန္ဒာ၏ ဝမ်းသာမှု အပြောအပေါ်
ရောဇ၏ သဘော ထားတုံ့ပြန်လိုက်ပုံက -
“ဟုတ်ပါတယ်၊ ကြိုဆိုပွဲ စည်ကားတာကတော့ မြင်တဲ့အတိုင်း ပါပဲ။ ဒါပေမဲ့
ဒီပွဲမှာ ကျွန်ုပ် ရှေ့ဆုံးက နေပြီး ကြိုဆိုနေရတာကလည်း အများထင်နေကြသလို ရတနာ
သုံးပါးကို သိပ်ကြည်ညိုလှလို့တော့ မဟုတ်ပါဘူး။ ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်က ကဲ့ရဲ့မှာကို
စိုးကြောက်လို့ရယ်၊ ပြီးတော့ ဘုရားရှင်ကိုသာ မကြိုဆိုရင် ဒဏ်ငွေငါးရာကျပ် ဒဏ်ကြေး
ပေး ဆောင်ရမယ်လို့ ထုတ်ပြန်ထားတဲ့ အမိန့်တော်က ရှိထားတာကြောင့် သည်းခံကာ စိတ်မပါဘဲ
ကြိုဆို နေရခြင်းပါပဲ”ဟူ၍ ရင်ထဲတွင် ရှိသည့်အတိုင်း ပြောလိုက်လေ၏။
သူငယ်ချင်းရောဇထံမှ
ပွင့်လင်းပြတ်သားပြီး သဒ္ဓါတရား မဲ့လှသော နှုတ်ထွက်စကားကြောင့် ရှင်အာနန္ဒာ
စိတ်မကောင်းဖြစ်ခဲ့ ရပြန်သည်။
“ဪသြော် . .သူငယ်ချင်းရောဇ၊ ငါ့မျက်နှာကိုမှ
မထောက်မညှာ၊ သာသနာတော်ကြီးအပေါ်
ပစ်ပစ် ခါခါ ပြောရက်လိုက်တာနော်”ဟူ၍ ပင် ပင့်သက်ကို ချကာ တင်းကျပ်နေ သော စိတ်ကို
ဖြေလျှော့၍နေလိုက် ရပါတော့သည်။
ရှင်အာနန္ဒာသည် သူတွေး ထင်ထားသည်နှင့်
ဖီလာကန့်လန့် ဖြစ်နေရရှာသော သူငယ်ချင်း
အတွက် စိတ်မကောင်းခြင်း များစွာ ဖြစ်နေခဲ့ရသော်လည်း သူငယ်ချင်း ဟူသောအသိနှင့်
သူငယ်ချင်း အပေါ် ထားရှိသော မေတ္တာဓာတ် ကို လျော့ပါးသွားအောင် ထိုစကား
နှင့်ထိုအတွေးတို့က တွန်းပို့ပေးနိုင် ခြင်းမရှိနိုင်ခဲ့ပါပေ။
သူငယ်ချင်း ဆိုသည့် ထို မေတ္တာ၊ ထို သံယောဇဉ်တို့၏ စွမ်းအားတို့ ကြီးမားရှိနေပြီး ဖြစ်နေ
ရသောကြောင့် တစ်ဦးအပေါ်တစ်ဦး၊ တစ်ယောက်နှင့် တစ်ယောက် စိတ် ကလေးပင် မကွက်ဘဲ
ခွင့်လွှတ်နိုင် သည့်အပြင် သာသနာတော်နှင့်ပါ ရင်းနှီးကျွမ်းဝင်အောင် ဆောင်ရွက်
မည်ကိုပင် စိတ်ကူးလျက်ရှိနေပြန် ပါသည်။
ရာဇမာန် ပြင်းထန်သလောက် အမျိုးဂုဏ်၊ဇာတိဂုဏ် မောက်လွန်း
သော ရောဇတစ်ယောက်ကို ရှင်အာနန္ဒာ တစ်ဦးတည်းအနေဖြင့် ခံယူချက်တို့
ပြောင်းလဲသွားအောင်
စွမ်းဆောင်နိုင်မည်မဟုတ် ဆိုသည် ကိုလည်း အကြောင်းသိပြီးမို့ သဘောလည်း
ပေါက်ထားပြီး ဖြစ်ပါ သည်။ ထိုအသိကြောင့်ပင် ရောဇ နှင့် ပတ်သက်၍ အကြောင်းစုံ
လျှောက်ထားရန် ဘုရားရှင်ထံ ချဉ်းကပ်ဖို့ ဆုံးဖြတ်လေတော့၏။
တစ်နေ့က ဆုံးဖြတ်ထားပြီး ဖြစ်သည့်အတိုင်း ရှင်အာနန္ဒာသည် မြတ်ဘုရားအား
အောက်ပါအတိုင်း လျှောက်ထားခဲ့လေတော့၏။
“အရှင်မြတ်ဘုရား . .တပည့်
တော်၏သူငယ်ချင်း ရောဇဟာ အလွန် ထင်ရှားကျော်ကြားသည့် မလ္လမင်းသားတစ်ဦး ဖြစ်ပါသည်။
သူတို့လို မင်းသစ် မင်းလွင်
မင်းပျိုလေးတစ်ယောက် ဤ သာသနာတော်အပေါ် သက်ဝင် ယုံကြည်ကာ ကြည်ညိုသဒ္ဓါ ဖြစ်ပေါ်
လာခဲ့လျှင် သာသနာတော်အတွက် လည်း ကျေးဇူးများမည် ဖြစ်သလို သူ့အတွက်လည်း
အကျိုးရှိနိုင်ပါ သည်။ သို့ဖြစ်ပါ၍ တပည့်တော်၏ သူငယ်ချင်း ရောဇကို သာသနာ
အပေါ်သက်ဝင်ယုံကြည်လာအောင် မေတ္တာ ရှေ့ထားကာ ဆုံးမပေး တော်မူပါဘုရား”ဟူ၍ ဖြစ်သည်။
ရှင်အာနန္ဒာ၏ လျှောက်ထား ချက်အဆုံးတွင်
မြတ်ဗုဒ္ဓကလည်း “အာနန္ဒာ၊ သင်၏ လျှောက်ထား ချက်ကိစ္စအတွက် ငါဘုရားမှာ ဘာ အခက်အခဲမျှ
မရှိဘူး အာနန္ဒာ”ဟူ သော စကားတော်ကို မြွက်ဆိုကာ လက်ခံနိုင်လေတော့၏။
ရှင်အာနန္ဒာသည် မြတ် ဘုရား
သီတင်းသုံးတော်မူရာ ကျောင်းဝိဟာ အတွင်းမှ ထွက်ခွာလာခဲ့ပြီး ဘုရားရှင်အတွက်
ချိုးရေများကို စီမံပေးနေတော့၏။ ရှင်အာနန္ဒာ တစ်ယောက် ချိုးရေများ စီမံနေခိုက်
ရောဇတစ်ယောက်တည်းကျောင်းဝင်း အတွင်းသို့ သုတ်သုတ်ပြာပြာဖြင့် ရောက်လာခဲ့၏။
ရှင်အာနန္ဒာမှာ အလုပ်တစ်ဘက်နှင့် မအားမလပ် ဖြစ်နေ၍ရောဇအားစကားမမေးအား သလို
ရောဇမှာလည်း ပျာယာခတ် နေသောကြောင့် ရှင်အာနန္ဒာကိုပင် မမြင် မတွေ့နိုင်အောင်
ဖြစ်နေရ ပါတော့သည်။
ရောဇတစ်ယောက် ဂဏှာ မငြိမ် ဣနြေ္ဒမရဖြစ်နေရကာ တွေ့ တွေ့သမျှသော ကျောင်းအဆောင်
ဆောင်များကို ဝင်ကြည့်နေပြီး မြင်မြင်သမျှသော ရဟန်း သာမဏေ
ကြီးငယ်တစ်စုတို့အား သူသိချင်နေသည့်
အကြောင်းအရာ ကိုသာ အငမ်းမရ တမေးတည်း မေး၍ နေလေတော့၏။
“အရှင်ဘုရားတို့ ဘုရားရှင်
ဘယ်ကျောင်းတော်မှာ သီတင်းသုံး နေပါလဲ ဘုရား၊ အကျွန်ုပ် ဖူးတွေ့
ချင်လွန်းလို့ပါဘုရား၊ အကျွန်ုပ်ကို သနားသောအားဖြင့် ဘုရားရှင်ရှိရာ သို့ ညွှန်ပြပေးတော်မူကြပါဘုရား”
ရောဇတစ်ယောက် ယောက် ယက်ခတ်နေပုံမှာ
မိခင်နွားမကြီး ပျောက်နေရှာ၍ တဘဲဘဲအော်မြည် ကာ မိခင်ကြီးကို လိုက်ရှာနေသော
နွားငယ်လေးပမာနှင့်ပင် တူနေပြန် ပါသည်။ သနားစရာ ရောဇ ဖြစ် နေပြန်ပါသည်။
ဘာဝနာစွမ်းအား ကောင်း တော်မူလှသော ဘုရားရှင်သည် ရောဇအား
မေတ္တာဓာတ်များပို့လွှတ် ပေးတော်မူလျက် ရှိပါသည်။
ထို ပို့လွှတ်နေဆဲဖြစ်သော ဘုရားရှင်၏ မေတ္တာဓာတ် အဟုန်သည် ရောဇ၏
တစ်ကိုယ်လုံးသို့ လွှမ်းခြုံစိုးမိုးကာ နေကြလေပြီတည်း။
ရှင်အာနန္ဒာအဖို့ သူ့ဘဝ တစ်သက်တာတွင် ယခု ပို့လွှတ် လျက်ရှိသော
ဘုရားရှင်၏မေတ္တာ ဓာတ်အဟုန်ကို အားအရဆုံး
အကျေနပ်ဆုံးနှင့် အကြည်ညိုဆုံး ဖြစ်သော တန်ခိုးပြာဋိဟာတစ်ခုပင် ဖြစ်ပါပေသည်။
“အို . .ဒကာတော်၊ တံခါး ပိတ်ထားသောဤကျောင်းတော်၌
ဘုရားရှင်သီတင်းသုံးတော်မူပါသည်။ ခြေသံမကြားအောင် လျှောက်သွား ပြီး
စေ့ထားသောတံခါးကို ညင်ညင် သာသာလေး ခေါက်လိုက်ပါ။ သင့် အား ဘုရားရှင်က
ဝင်ခွင့်ပြုတော် မူပေလိမ့်မည်”ဟူ၍ အနီးရှိ ရဟန်း တော်တစ်ပါးက လမ်းညွှန်လိုက်ပါ သည်။
ရဟန်းတော်တစ်ပါးက ညွှန်ပြပေးသည့်အတိုင်းပင် ရောဇ တစ်ယောက်
လိုက်နာဆောင်ရွက် ကာ ဘုရားရှင်၏ခြေတော်ရင်းဆီသို့ ဝင်ရောက်ခွင့် ရရှိသွားလေတော့၏။
ရှင်အာနန္ဒာမှာလည်း ချိုးရေများ
စီမံပြီးဖြစ်၍ ကျောင်းတော်အတွင်း သို့ ရောဇနောက်မှ မကြာမတင် ဝင်လိုက်သွားခဲ့ပေရာ . .
“ရှင်တော်မြတ်ဘုရား၊ တပည့် တော်
ရှင်အာနန္ဒာရဲ့မိတ်ဆွေ
ရင်းချာ(သူငယ်ချင်း) တစ်ယောက်ပါ ဘုရား၊တပည့်တော် တစ်ခုလောက် လျှောက်ထား
တောင်းပန်လိုပါ သည် ဘုရား။ အရှင်ဘုရားသည် တပည့်တော်ထံမှနေ၍ “ဆွမ်း၊ သင်္ကန်း၊
ကျောင်း၊ ဆေး”တည်းဟူ သောပစ္စည်းလေးပါးများကို အလှူ ခံစေချင်ပါသည် ဘုရား။ တပည့်
တော်အား ချီးမြှောက်ထောက်ထား သနားသောအားဖြင့် အလှူခံတော် မူပါ ဘုရား။
တခြားသောသူတို့၏ အလှူကို လက်ခံတော်မူခြင်း
မပြုပါနဲ့ ဘုရား။ တပည့်တော် တစ်ယောက်တည်းကိုသာ လှူခွင့်ပြု
ပေးတော်မူပါဘုရား” ဟူသော ထက်သန်သည့် သဒ္ဓါစေတနာတို့ ဖြင့် အားပါးတရလျှောက်ထားနေ
သည်ကို ကြားသိတွေ့မြင်လိုက်ရ၏။ သူ့မျက်နှာတွင်လည်း ယခင်ကလို ခက်ထန်မာကျောသော
ရာဇမာန် တို့လည်း မရှိ။ ဝြွါကား ပလွှား လိုသော ဥစ္စာဓန မာနပုံရိပ်တို့ကို လည်း
မတွေ့ရပေ။ မြတ်ဘုရား ဟောကြားတော်မူနေသည့် တရား တော်ကိုပင် အစဉ်လျှောက်လျက်
အရိယာÓာဏ်အမြင်မှန်တို့ အထိုက် အလျောက် ရနေပြီးဖြစ်နေသည်ကို ပါ ရှင်အာနန္ဒာ
ရိပ်စားမိနေတော့ ၏။
“အို ဒကာတော် ရောဇ၊ ကျင့်သုံးမှုလမ်း
ဆုံးခန်းမတိုင်သော အရိယာဥာဏ် ရပြီးသူတိုင်းသည်
သင်ကဲ့သို့ပင် လျှောက်ထားလိုကြ သည်သာ၊ လျှောက်ထားခဲ့ကြသည် သာ။
မိမိထံမှတစ်ပါး တစ်ပါးသူထံ တွင် အလှူ မခံယူစေချင်ကြပေ။ ဤသို့ကား
မဖြစ်သင့်ပေ။ဒကာတော် ရောဇ . .သင့်ထံမှလည်း အလှူခံ ယူရပေလိမ့်မည်၊ တခြားသူများ
ထံမှလည်း အလှူခံယူရပေလိမ့် မည်” ဟူ၍ပင် မြတ်ဘုရား ကိုယ်တိုင် ရောဇ၌ ဖြစ်ပေါ်လျက်
ရှိနေသော သဒ္ဓါတရားကို အစွန်း လွတ်အောင် ထိန်းညှိပေးတော် မူခဲ့ရပါသေးသည်။
ဘုရားရှင် မိန့်တော်မူသည့် အတိုင်းပင်
ကုသိနာရုံမှ မြို့သူ မြို့သား အလှူရှင်များတို့သည် အလှည့်ကျစနစ်ဖြင့် ဆွမ်းများ
ဆက်ကပ်လှူဒါန်းလျက် ရှိနေကြ၏။ ချိုမြိန်မွန်မြတ်သော ဆွမ်းခဲဖွယ်များ မျိုးစုံအောင်
စီမံ ဆက်ကပ်နေကြ၏။ တခြားသူတို့
အားပါးတရလှူဒါန်း နေကြစဉ် နောက်ကျပြီးမှ စာရင်း သွင်းလာရသော ရောဇမှာကား သူ့အလှည့် မရောက်သဖြင့် စောင့်
နေရဆဲပင်။
ရောဇထက် စောစောစီးစီး ကြိုတင်ကာ
ပင့်ဖိတ်ထားသူတွေ များလွန်းနေပြန်ပေရာ သူ့အလှည့် ဘယ်နေ့ ဘယ်ရက်ရောက်လာမည် ကိုပင်
မခန့်မှန်းနိုင်အောင် ဖြစ်နေ ရပြန်ပါသည်။ ဤသို့ဖြင့် စိတ် မရှည်နိုင်သော ရောဇသည် ဆွမ်းဆက်ကပ်သည့်
နေရာဆီသို့ ကိုယ်တိုင် လာကြည့်လိုက်၏။
ဆွမ်းဆက်ကပ်ခွင့် သူ့အလှည့် မရောက်သေးသော်လည်း အခြား သော
စားဖွယ်သောက်ဖွယ်ဟင်း တစ်မျိုးမျိုးဖြင့် ကြားဝင် ဆက်ကပ် ခွင့် ရနိုင်ရန် စိတ်အကြံ
ဖြစ်မိပြန် ပါသည်။
ရောဇသည် သူ စိတ်အကြံ ဖြစ်မိသည့်အတိုင်းပင်
သူမျှော်လင့် ထားသလို ဆွမ်းပွဲတွင် လစ်ဟာနေ သည့် ဟင်းလျာတစ်မျိုးကို တွေ့
လိုက်ရသဖြင့် သူငယ်ချင်းဖြစ်သူ ရှင်အာနန္ဒာဆီ ချဉ်းကပ်ပြီးလျှင်-
“အရှင်ဘုရား အာနန္ဒာ၊ ဤ ဆွမ်းပွဲတွေကို
တပည့်တော်လိုက် ကြည့်ရာတွင် စားသောက်ဖွယ်
မျိုးစုံကို ကောင်းနိုးရာရာ စီမံထား ကြသည်ကို တွေ့မြင်ရပါသည်။ သို့သော် “ဟင်းရွက်သုပ်နှင့်မုန့်ခဲဖွယ်”
ကိုတော့ မတွေ့မြင်မိပါ။ ဤစား သောက်ဖွယ် နှစ်မျိုးကို တပည့် တော်ကိုယ်တိုင် စီမံ
ဆက်ကပ်ပါ လျှင် ဘုရားရှင် အလှူခံပါမည်လား ခွင့်ပြုပေးမည်လား ဘုရား”ဟူ၍
ဖြစ်ချင်လှသည့် သူ့ဆန္ဒကို ဖွင့်ဟ လျှောက်ထားလိုက်၏။
ရောဇသည် သူ ဖြစ်ချင် သည်ကိုသာ ဇွတ်အတင်းလျှောက် ထားနေ၏။ဤကိစ္စမျိုး
ရှင်အာနန္ဒာ အဖို့ ပိုင်၏çမပိုင်၏ဆိုသည်ကိုပင်
သူ မစဉ်းစားတော့ပေ။ သူဖြစ်ချင် နေသည်ကိုသာ လျှောက်ထားနေ ခြင်းဖြစ်သည်။
ဤတွင် ရှင်အာနန္ဒာ ကလည်း -
“ရောဇ၊ သူငယ်ချင်းလျှောက် ထားသည့်ကိစ္စ
ဘုရားရှင်ထံ ထပ်မံ
လျှောက်ထားလိုက်ပါဦးမယ်၊ ကျွန်ုပ် အရေးမပိုင်သောကိစ္စ ဖြစ် နေ၍ လတ်တလောအဆုံးအဖြတ်
မပေးနိုင်သည်ကို သူငယ်ချင်း
နားလည်သဘောပေါက် သည်းခံ ပေးစေချင်တယ်”ဟူ၍ ပြောဆိုကာ
ဘုရားရှင်အားရှင်အာနန္ဒာကိုယ်တိုင် လျှောက်ထားခဲ့လေတော့၏။
“အပြစ်မရှိသော စားသောက် ဖွယ်ဖြစ်၍
ဤအစားအစာနှစ်မျိုးကို ဆက်ကပ်နိုင်ကြောင်းနှင့် ရဟန်း တော်များ
ဘုဉ်းပေးသုံးဆောင်နိုင် ကြောင်း”ဘုရားရှင် ခွင့်ပြု မိန့်ဟ တော်မူလိုက်လေတော့သည်။
တစ်ချိန်က ရာဇမာန် ခက်ထန်ပြီး
လောကအရေးလောက် ကိုသာ ဦးစားပေးနေခဲ့သည့် မလ္လ
မင်းသား ရောဇတစ်ယောက်
ရှင်အာနန္ဒာလို သူငယ်ချင်းကို မိတ်ကောင်းဆွေကောင်း သူငယ်ချင်း ကောင်းအဖြစ်
ရွေးချယ်ပေါင်းသင်း နိုင်ခဲ့သောကြောင့် “သူတော်ချင်းချင်း သီတင်းလွေ့လွေ့
ပေါင်းဖက်တွေ့” ဆိုသည့်အတိုင်းပင် ရောဇမှာ
လည်း ဘုရားရှင်တည်းဟူသော သူတော်ကောင်း သူမြတ်လောင်း မိတ်ကောင်းကြီးကို
အနီးကပ် ဆည်းကပ်ခွင့် ရရှိလိုက်သည့်အပြင် လောကလူသားအဖြစ်မှ ဓမ္မလူသား အဖြစ်သို့
တစ်ဆင့်မြင့် တက်လှမ်း နိုင်ခဲ့ပြီဖြစ်ပါကြောင်း တင်ပြလိုက် ရပေသတည်း။
မိုးနန္ဒာ(ခန္တီးမြေ)
No comments:
Post a Comment